ခရစ္စမတ်

ဒီဇင်ဘာ ၂၅ ရက်နေ့တိုင်းကျင်းပသည့်ပွဲတော်

ခရစ္စမတ်[] သို့မဟုတ် ခရစ္စမတ် ပွဲတော်နေ့[][] သည် ခရစ်ယာန်ဘာသာဝင်များ ယေရှုခရစ်တော် ဖွားမြင်သည့် နေ့ကို အထိမ်းအမှတ်ပြုသည့် နေ့ထူးနေ့မြတ် ဖြစ်သည်။[][] ယခုခေတ်တွင် ခရစ္စမတ်ပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပကြသည်။ [] ခရစ်တော် မပေါ်မီကလည်း ထိုနေ့ကို ဆောင်းရာသီ၏ နေနှင့် အဝေးဆုံးအချိန်ဖြစ်၍ အဒိုနစ်၊ ဒီယွန်နီဆပ် စသော နတ်ဘုရားများ၏ မွေးနေ့များ ကျင်းပခဲ့ကြသည်။[] ခရစ္စမတ်ပွဲတော်ကျင်းပမည့်ရက်နှင့် ပတ်သက်၍ ခရစ်တော် ကွယ်လွန်ပြီးနောက် အနှစ် ၃၀၀ အတွင်း ခရစ်ယာန်တို့အချင်းချင်း သဘောထား ကွဲလွဲမှုများ ရှိခဲ့သည်။ ရှေးဦးစွာ ခရစ္စမတ်ပွဲတော်ကို မေလတွင် ကျင်းပကြသည်။ ထိုနောက် ဧပြီလတွင် ကျင်းပပြန်သည်။ ထိုမှတဖန် ဇန်နဝါရီလတွင် ကျင်းပခဲ့သေးသည်။ အေဒီ ၃၀၀ ပြည့်နှစ်ကျမှသာ ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ပွဲတော်နေ့အဖြစ် အတည်တကျ သတ်မှတ်ခဲ့ကြသည်။ ထိုအခါမှစ၍ ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပလာကြသည်။

ခရစ္စမတ်
Nativity scene depicted using Christmas lights
အခြားနာမည်Noël, Nativity, Xmas
ကျင်းပသည့်နိုင်ငံChristians, many non-Christians[][]
အမျိုးအစားChristian, cultural
သိသာထင်ရှားမှုCommemoration of the nativity of Jesus
ပွဲတော်များGift-giving, family and other social gatherings, symbolic decoration, feasting etc.
ObservancesChurch services
နေ့ရက်
  • December 25
    (Western Christianity and part of the Eastern churches)
  • January 7 (O.S. Dec. 25)
    (Most Oriental Orthodox and part of the Eastern Orthodox churches)
  • January 6
    (Armenian Apostolic Church and the Armenian Evangelical Church)
  • January 19 (O.S. Jan. 6)
    (Armenian Patriarchate of Jerusalem)
အကြိမ်Annual
ဆက်နွယ်မှုChristmastide, Christmas Eve, Advent, Annunciation, Epiphany, Baptism of the Lord, Nativity Fast, Nativity of Christ, Old Christmas, Yule, St. Stephen's Day, Boxing Day
အရုပ်ကလေးများဖြင့် သရုပ်ဖော်ထားသည့် ယေရှုခရစ်တော် ‌ဖွားတော်မူခန်း

ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်များ၏ အထွတ်အမြတ်ဆုံး ပွဲတော်ဖြစ်သည်။ ခရစ္စမတ်ပွဲတော်၏ ဓလေ့ထုံးစံများသည် ဘာသာရေး ပွဲတော်သက်သက် အဖြစ်မှ တဖြည်းဖြည်း ပြောင်းလဲကာ မိရိုးဖလာ အယူဝါဒ၊ အမျိုးသားရေး စသော လောကီဓလေ့များ ပါဝင်သော ပွဲတော် ဖြစ်လာသည်။ ခရစ်ယာန်နိုင်ငံ အသီးသီး၌ ခရစ္စမတ်ပွဲတော်ကို ကျင်းပရာတွင် မိမိတို့နိုင်ငံ မိမိတို့လူမျိုးဆိုင်ရာ ဓလေ့ထုံးစံများအတိုင်း ကျင်းပကြသည်။ ပွဲတော်နေ့တွင် ယောက်ျား၊ မိန်းမ၊ လူကြီးလူငယ်မရွေး မိမိတို့၏ လုပ်ငန်းများကို ရပ်စဲလျက် ပျော်ပွဲရွှင်ပွဲ စားသောက်ပွဲများကို တခမ်းတနား ကျင်းပကြသည်။ ခရစ်ယာန်နိုင်ငံတိုင်း၌လိုလိုပင် ခရစ္စမတ်သီချင်းများကို တပျော်တပါး သီဆိုလေ့ရှိသည်။ ဗြိတိန်တွင် ပွဲတော်မတိုင်မီ အကြိုညတွင် ပြတင်းများအောက်၌ သီချင်းများ သီဆိုကြသည်။ ပွဲတော်တွင် အရေးပါသည့် ခရစ္စမတ်သစ်ပင်ကိုလည်း မီးပွင့်များဖြင့် လှပစွာ အဆန်းတကြယ် တန်ဆာဆင်ကြသည်။

ခရစ္စမတ်ပွဲတော်နေ့တွင် ခရစ်ယာန်များသည် မိမိတို့ခင်မင်သော မိတ်ဆွေများ၊ ဆွေမျိုးများထံ လက်ဆောင်များ ပေးပို့လေ့ရှိသည်။ ထိုအလေ့အထမှာ ရှေးရောမခေတ်ကပင် အစပျိုးခဲ့သော အလေ့အထဖြစ်သည်။ ခရစ်ယာန် ကလေးသူငယ်များသည် ပွဲတော်အခါတွင် သူတို့အား စန်တာကလော့သည် လက်ဆောင်ပစ္စည်းများ လာရောက်ပေးလေ့ရှိသည်ဟု ယုံကြည်ကြသည်။ စန်တာကလော့မှာ ကက်သလစ် ခရစ်ယာန် ဘုန်းကြီးတစ်ဦးဖြစ်သူ စိန့်နီကိုးလပ်ဖြစ်သည်။ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတွင် ကလေးသူငယ်များသည် ခရစ္စမတ်အကြိုည၌ စန်တာကလော့လာ၍ လက်ဆောင်ထည့်နိုင်ရန် ခြေအိတ်ရှည်များကို အလွတ်ချိတ်ဆွဲထားလေ့ရှိသည်။ ပြင်သစ်နိုင်ငံတွင် ကလေးများသည် လက်ဆောင်များကို ခံယူရန် သစ်သားဖိနပ်များကို မီးဖိုပေါ်တွင် တင်ထားလေ့ရှိသည်။ နော်ဝေးနိုင်ငံတွင်မူ ကလေးသူငယ်များသည် လက်ဆောင် ကစားစရာများကို အိမ်တွင်းအိမ်ပြင်များ၌ တပျော်တပါး လိုက်လံရှာဖွေ တတ်ကြသည်။[၁၀]

ကိုးကား

ပြင်ဆင်ရန်
  1. "Christmas as a Multi-Faith Festival" (December 29, 2005). BBC Learning English. 
  2. In the U.S., Christmas Not Just for Christians။ Gallup, Inc. (December 24, 2008)။ November 16, 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 16, 2012 တွင် ပြန်စစ်ပြီး။
  3. Canadian Heritage – Public holidays Archived 24 November 2009 at the Wayback Machine. — Government of Canada. Retrieved November 27, 2009.
  4. 2009 Federal Holidays Archived 16 January 2013 at the Wayback Machine. — U.S. Office of Personnel Management. Retrieved November 27, 2009.
  5. Bank holidays and British Summer timeHM Government. Retrieved November 27, 2009.
  6. Christmas, Merriam-Webster. Retrieved October 6, 2008.
    "Christmas Archived 23 September 2009 at the Wayback Machine.," MSN Encarta. Retrieved October 6, 2008. 2009-10-31.
  7. "Christmas", The Catholic Encyclopedia, 1913.
  8. How December 25 Became Christmas, Biblical Archaeology Review, Retrieved 2009-12-13။ 18 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 December 2009 တွင် ပြန်စစ်ပြီး။
  9. လှသမိန် (ဧပြီ ၁၉၇၈)။ "ခရစ္စမတ်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  10. မြန်မာ့စွယ်စုံကျမ်းစာတည်းအဖွဲ့, ed. (၁၉၅၅)။ "ခရစ္စမတ်"မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်ပြည်ထောင်စုနေ့အောင်ဆန်းမြန်မာနိုင်ငံကားလိုး ကော်လိုဒီသင်္ကြန်မြန်မာနိုင်ငံရှိ ပွဲတော်များအော်ကာမင်းအောင်လှိုင်အောင်ဆန်းစုကြည်စာဖတ်ခြင်းမေတ္တသုတ်ဘာဂျာမှုတ်ခြင်းပဋ္ဌာန်းတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများထိုင်းနိုင်ငံလိင်ဆက်ဆံခြင်းဗမာလူမျိုးပုဂံနွေရာသီပင်လုံစာချုပ်တစ်ကိုယ်ရည်အာသာဖြေခြင်းဂုဏ်တော်ကွန်ချာစကားပုံကဏ္ဍ:မြန်မာစကားပုံများမြန်မာ့သမိုင်းနိုင်ငံရေးမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဘုရင့်နောင်သီပေါမင်းဇင်ဘာဘွေနိုင်ငံကဏ္ဍ:မြန်မာဆိုရိုးစကားများအသည်းရောင် အသားဝါ ရောဂါ ဘီပိုးရှီကျင့်ဖျင်ဥရောပဗုဒ္ဓဘာသာပရိတ်ကြီး ၁၁ သုတ်ဘုရားဂုဏ်တော်တပ်မတော်ကန့်ပထမ အင်္ဂလိပ် - မြန်မာစစ်မဟာသမယသုတ်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းကချင်လူမျိုးအရှေ့တောင်အာရှနိုင်ငံများအသင်းဟစ်တလာဒုတိယ ကမ္ဘာစစ်ရတနသုတ်ရာသီအလိုက်ပွင့်သောပန်းများတပ်မတော် (ကြည်း)မင်္ဂလသုတ်ဆိုရိုးစကားဗီယက်နမ်နိုင်ငံဂျပန်နိုင်ငံရွှေတိဂုံစေတီတော်ကချင်ပြည်နယ်အမေရိကန်ပြည်ထောင်စုကယားလူမျိုးအလောင်းမင်းတရားနေဝင်း (ဗိုလ်ချုပ်ကြီး)အိန္ဒိယနိုင်ငံထမနဲပွဲခရစ်ယာန်ဘာသာအနော်ရထာလွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇)အေဘရာဟမ် လင်ကွန်းပထမ ကမ္ဘာစစ်မိန်းမ မျိုးပွားအင်္ဂါမဲပလီရွာ၊ ဘီးလင်းမြို့နယ်ပုလွေမှုတ်ခြင်းဓာရဏပရိတ်ဝူဖ်ဂန် အာမေဒဲယုစ် မိုးဇတ်တရုတ်ပြည်သူ့သမ္မတနိုင်ငံမိုင်းခရပ်ဖ်မြန်မာတိုင်းရင်းသားမျိုးနွယ်များပေါ်တူဂီနိုင်ငံမြိတ်မြို့ပုဂံခေတ်ကျောက်မီးသွေးကမ္ဘာဂြိုဟ်မောင်ခင်မင် (ဓနုဖြူ)အာရှငါးမျိုးစိတ်များ စာရင်းသခင်ကိုယ်တော်မှိုင်းကရင်လူမျိုးဘမော်အလယ်ခေတ်ဘာသာစကားအင်းဝမြို့သီတင်းကျွတ်ပွဲတော်ငွေတာရီသင်သေသွားသော်ကျိုက်ထီးရိုးဘုရားပြောင်းလဲထားသော လမ်းနာမည်များ (ရန်ကုန်မြို့)ကျောက်ခေတ်ဇော်ဂျီ (စာရေးဆရာ)ယူကျူ့ဘ်ဧရာဝတီတိုင်းဒေသကြီး