တနင်္သာရီတိုင်းဒေသကြီး

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး (အင်္ဂလိပ်: Tanintharyi Regionမွန်: ဏၚ်ကသဳ သို့မဟုတ် တနၚ်ဩဳ၊ ယခင်အမည် တနင်္သာရီတိုင်း) သည် မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။ လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့မှာ မြိတ်မြို့ဖြစ်သည်။ အခြားအရေးပါသည့် မြို့များမှာ မြိတ်မြို့နှင့် ကော့သောင်းမြို့များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၄၀၈,၄၀၁[၁] ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး
တိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး၏ အလံတော်
အလံတော်
တနင်္သာရီတိုင်းဒေသကြီး၏ တံဆိပ်တုံး
စည်းတံဆိပ်
မြန်မာနိုင်ငံတွင်း တနင်္သာရီတိုင်းဒေသကြီး၏ တည်နေရာ
မြန်မာနိုင်ငံတွင်း တနင်္သာရီတိုင်းဒေသကြီး၏ တည်နေရာ
ကိုဩဒိနိတ်: 13°0′N 98°45′E / 13.000°N 98.750°E / 13.000; 98.750ကိုဩဒိနိတ်: 13°0′N 98°45′E / 13.000°N 98.750°E / 13.000; 98.750
နိုင်ငံ မြန်မာ
ဒေသတောင်ပိုင်း
မြို့တော်ထားဝယ်မြို့
အစိုးရ
 • ဝန်ကြီးချုပ်ဦးမြတ်ကို
 • အစိုးရအဖွဲ့တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့
 • ဥပဒေပြုလွှတ်တော်တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်
 • တရားလွှတ်တော်တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်
ဧရိယာ
 • စုစုပေါင်း၄၃၃၄၄.၉ စတုရန်းကီလိုမီတာ (၁၆၇၃၅.၆ စတုရန်းမိုင်)
ဧရိယာအဆင့်ပဉ္စမ
လူဦးရေ (၂၀၁၄)[၁]
 • စုစုပေါင်း၁,၄၀၈,၄၀၁
 • အဆင့်၁၂
 • သိပ်သည်းမှု၃၂/km (၈၄/sq mi)
Demographics
 • လူမျိုးစုများထားဝယ်ဗမာတနင်္သာရီ၊ ဆလုံ၊ ရခိုင်မွန်ကရင်ထိုင်း
 • ကိုးကွယ်မှုဗုဒ္ဓဘာသာ ၈၇.၅%၊ ခရစ်ယာန် ၇.၂%၊ အစ္စလာမ် ၅.၁%၊ ဟိန္ဒူ ၀.၁%
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
ISO 3166 ကုဒ်MM-05
ယာဉ်မှတ်ပုံတင်TNI
HDI (၂၀၁၇)၀.၅၅၂[၂]
အလယ် · အဋ္ဌမ
ဝက်ဘ်ဆိုဒ်tniregion.gov.mm

တည်နေရာနှင့် အကျယ်အဝန်းပြင်ဆင်ရန်

တနင်္သာရီတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၁၆,၇၃၆ စတုရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြှောင်ဒေသတွင်တည်ရှိပြီး၊ လူနေကျဲပါးသော ဒေသလည်းဖြစ်သည်။ ကပ္ပလီပင်လယ်ထိုင်းနိုင်ငံကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၀မိနစ် မှ ၁၅ ဒီဂရီ ၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀မိနစ် မှ ၉၉ ဒီဂရီ ၄၀မိနစ် အတွင်း တည်ရှိသည်။

ပထဝီဝင်အ​နေအထားပြင်ဆင်ရန်

​​မြေမျက်နှာသွင်ပြင်ပြင်ဆင်ရန်

တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊တောင်တန်း၊ တောင်စွယ် ပေါများပြီး အနောက်ဘက်တွင် ကပ္ပလီပင်လယ်ရှိ၍ အရှေ့ဘက်၌ တနင်္သာရီ တောင်တန်းနှင့် ဆက်စပ်လျက်ရှိသောကြောင့် ကမ်းရိုး တန်းလွင်ပြင်မှာ ကျဉ်းမြောင်းသည်။ တနင်္သာရီတောင်တန်းသည်ကမ်းရိုးတန်းနှင့်အပြိုင် တည်ရှိသည်။ ထားဝယ်မြစ်နှင့်တနင်္သာရီမြစ်တို့၏  ရေဝေကုန်းတန်း (Water Sheet)အဖြစ် တည်ရှိပြီး ထားဝယ်လွင်ပြင်နှင့် မြိတ်လွင်ပြင်မှာ တိုင်းဒေသကြီးအတွင်း  အမြင့်ပေ(၅၀)အောက် နိမ့်ဆင်းသွားသော လွင်ပြင်များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းလွန်ပြင်၌ ကျွန်းပေါင်း (၈၄၀) ကျွန်းရှိပြီး တနင်္သာရီမြို့နယ်ရှိ အင်းတော်ကြီးအင်းမှာ ထင်ရှားပြီး ရေတံခွန်ငယ်များ ရေပူစမ်းများ အမြောက်အမြားရှိသည်။

ရာသီဥတုပြင်ဆင်ရန်

ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။ အီကွေတာနှင့် နီးသောဒေသ ဖြစ်သည့် အတွက်လည်း အပူချိန်မြင့်သည်။ ပျှမ်းမျှ အပူချိန်မှာ ၈၃ဒီဂရီ မှ ၇၈ဒီဂရီ ဖာရင်ဟိုက်အတွင်းရှိသည်။ တစ်နှစ်လုံးနီးပါးမိုးရွာသွန်းသဖြင့် မိုးရေချိန်မှာ ၁၇၀ မှ ၂၁၀ လက်မထိရှိသည်။

အုပ်ချုပ်ရေးပြင်ဆင်ရန်

မြို့တော်ပြင်ဆင်ရန်

တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။

အုပ်ချုပ်ရေးပြင်ဆင်ရန်

၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော တိုင်းအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းအစိုးရအဖွဲ့ရုံးသည် ထားဝယ်မြို့၌ တည်ရှိသည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် တနင်္သာရီတိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။

ဥပဒေပြုရေးပြင်ဆင်ရန်

၂၀၁၁ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။

တရားစီရင်ရေးပြင်ဆင်ရန်

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၃)ရုံး၊ မြို့နယ်တရားရုံး (၁၀)ရုံးရှိသည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများပြင်ဆင်ရန်

ခရိုင်များပြင်ဆင်ရန်

တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင် (၄) ခုရှိသည်။[၃]

တနင်္သာရီတိုင်းဒေသကြီး၏ခရိုင်များ

ခရိုင်ရှိမြို့နယ်ပြင်ဆင်ရန်

ထားဝယ်ခရိုင်ထားဝယ်မြို့နယ် • လောင်းလုံမြို့နယ် • သရက်ချောင်းမြို့နယ် • ရေဖြူမြို့နယ်
မြိတ်ခရိုင်ကျွန်းစုမြို့နယ် • မြိတ်မြို့နယ် • ပုလောမြို့နယ် • တနင်္သာရီမြို့နယ်
ကော့သောင်းခရိုင်ကော့သောင်းမြို့နယ်
ဘုတ်ပြင်းခရိုင်ဘုတ်ပြင်းမြို့နယ်

မြို့ပေါင်း (၁၈)မြို့၊ ရပ်ကွက်ပေါင်း (၉၀) ကွက်၊ ကျေးရွာအုပ်စု (၂၆၇) အုပ်စုနှင့် ရွာပေါင်း (၁၂၃၈)ရွာ ရှိသည်။ [၄]

အခြား မြို့ရွာများပြင်ဆင်ရန်

{{columns-list|3|

  • ပန်းဒလဲကျေးရွာအုပ်စု
  • မင်းဒပ်
  • ရငဲ
  • ကျွဲမင်းကုန်း
  • ကနက်သိရီ
  • ကျောက်ခမောက်
  • ကတွဲ
  • ဘန်ကချွန်း
  • လိပ်ဥတောင်
  • ဘုတ်ပြင်း
  • ချောင်းဝပြင်
  • ချူပန်း
  • ဟာမြင်းကြီး
  • ဟိန္ဒား
  • နှမ်းကြဲ
  • အလယ်စခန်း
  • လောင်းလုံးမြို့ ကထောင်းနီ
  • ကလိန်အောင်
  • ပလောက်မြို့ ဆင်ထိုး ဆင်ထိုးကြီး
  • ကံပေါက်
  • ဇာဒီ
  • ကရသူရီ
  • ကျောက်မဲတောင်
  • ကျောက်တောင်
  • တောင်သုံးလုံး
  • ကျွဲကူး
  • လောင်းလုံး
  • လေညာ
  • မလိဝမ်း
  • ​ ခမောက်ကြီးမြို့
  • မိန်းမမြို့
  • မရမ်း
  • မောင်းမကန်
  • မိကျောင်းလှောင်
  • မြိတ်
  • မေတ္တာ
  • ပကာရီ
  • ဇလွန်း
  • နဘုလယ်
  • နန်းသွန်
  • နန်ဒင်
  • နတ်ကြီးစင်
  • အုန်းပင်ကွင်း
  • ပလောက်
  • ပုလော
  • ပဲ
  • ပလ စက်တော်ရာ မီးလောင်ချောင်း
  • ပင်လယ်ကမ်း
  • ပြင်ဘုံကြီး ခန္ဒတီ ဝါးကုန်း
  • ပြည်ခြား လယ်ဖက် ထမင်းမစားရွာ
  • ဆင်ဖြူတိုင်
  • စုံစင်ဖျား
  • ဆင်ကူး သရက်နှစ်ခွ ပိတိုင်
  • သမုတ်
  • တနင်္သာရီ
  • တောင်ပျောက်
  • သဘော့လိပ်
  • သကျက်တော
  • သမ်းလှ
  • သရက်ချောင်း
  • ကြာအင်းကျေးရွာ
  • ညောင်ဇင်
  • ဆင်​ဖြူပြင်
  • ဝဇွမ်းချောင်း
  • ရတနာပုံ
  • ရေဖြူနောက်ဖက်ကမ်း
  • ဇလွတ်
  • သာရဘွင်
  • လဲရှောင်
  • ထိန်ကြိး
  • ပရဒတ်
  • ကတ္တလူကျေးရွာအုပ်စု

လူဦးရေပြင်ဆင်ရန်

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၁၉၇၃ ၇၁၉၄၄၁—    
၁၉၈၃ ၉၁၇၂၄၇+27.5%
၂၀၁၄ ၁၄၀၈၄၀၁+53.5%
Source: ၂၀၁၄ သန်းခေါင်စာရင်း[၁]

၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ ၁.၄သန်း နေထိုင်ကြသည်။ တိုင်းဒေသကြီးအတွင်း မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၃၂.၅ဦးဖြစ်သည်။ တနင်္သာရီတိုင်းတွင် လူ၁၀၀လျှင် ၇၆ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။

ပညာ​ရေးပြင်ဆင်ရန်

ထင်ရှားသောနေရာများပြင်ဆင်ရန်

စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ပြင်ဆင်ရန်

စာပေပြင်ဆင်ရန်

ထားဝယ်လူမျိုးမြိတ်လူမျိုးဆလုံလူမျိုး များသည် တနင်္သာရီတိုင်းတွင် နေထိုင်ကြသည့် ဌာနေလူမျိုးစုများ ဖြစ်ကြသည်။ အဆိုပါ လူမျိုးများ၏ ဘာသာကို အဓိက ထားပြောဆိုကြသည်။ စာပေအနေဖြင့် မော်ကင်းစာပေ တီထွင်ခဲ့ပြီး သင်ရိုးပြဋ္ဌာန်းစာများ ရေးဆွဲသတ်မှတ်ကာ သင်ကြားပို့ချပေးလျက်ရှိသည်။ ထားဝယ်စာပေအနေဖြင့် သင်ရိုးပြဋ္ဌာန်းစာများရေးဆွဲပြဋ္ဌာန်းနိုင်ရန် ထားဝယ်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြိုးပမ်းအားထုတ်လျက်ရှိသည်။

ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ပြင်ဆင်ရန်

ထားဝယ်၊ ဆလုံ လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြသည်။ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှုများ၊ အဝတ်အစား ဝတ်ဆင်မှု နှင့် ရိုးရာ အကများသည် အလွန်နာမည်ကျော်ကြားသော အကများ ဖြစ်သည်။ ရေအိုးရွက်အကနှင့်ဒိန်းယိမ်းအကသည် ထားဝယ်လူမျိုး များ၏ထင်ရှားသောရိုးရာအကများဖြစ်သည်။

စီးပွား​ရေးပြင်ဆင်ရန်

ဒေသထွက်ကုန်များပြင်ဆင်ရန်

တွင်းထွက်များပြင်ဆင်ရန်

ခဲမဖြူ၊အဖြိုက်နက်၊ခနောက်စိမ်း နှင့် အခြားတွင်းထွက်များ ထွက်ရှိသည်။

ကိုးကားပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. Sub-national HDI - Area Database - Global Data Lab (in en)။ 2018-09-13 တွင် ပြန်စစ်ပြီး။
  3. တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း
  4. တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉)
  5. မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်
🔥 Top keywords: ဗဟိုစာမျက်နှာတပ်မတော်နေ့အထူး:ရှာဖွေရန်မြန်မာနိုင်ငံကမ္ဘောဒီးယားနိုင်ငံအောင်ဆန်းသင်္ကြန်အန်ကောဝပ်တပ်မတော်ဟော့ဘစ်စမ်းချောင်းမြို့နယ်တပ်မတော် (ကြည်း)မေတ္တသုတ်ဖိလစ်ပိုင်နိုင်ငံမင်းအောင်လှိုင်ဝေလမင်းသမီး ဒိုင်ယာနာထိုင်းနိုင်ငံမွန်ပြည်နယ်မိန်းမ မျိုးပွားအင်္ဂါမဟာသမယသုတ်ပဋ္ဌာန်းပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂မြဝတီရုပ်မြင်သံကြားမြန်မာ့သမိုင်းမော်ဂျူး:Argumentsဘုရားဂုဏ်တော်ဆလုံလူမျိုးအမေရိကန်ပြည်ထောင်စုတစ်တော့မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များဘရူနိုင်းနိုင်ငံအော်ကာဒုတိယ ကမ္ဘာစစ်စိန်သင်္ကြန်မိုးဂျပန်နိုင်ငံမြန်မာနိုင်ငံရှိ မြို့များပရိတ်ကြီး ၁၁ သုတ်အင်ဒိုနီးရှားနိုင်ငံCanal+ Myanmarငပလီကမ်းခြေမြန်မာတိုင်းရင်းသားမျိုးနွယ်များမထိုးသွင်းသော လိင်ဆက်ဆံခြင်းဝီကီပီးဒီးယား:Sandboxအထူး:လတ်တလောအပြောင်းအလဲများတီဘီရောဂါမြန်မာပိတောက်မလေးရှားနိုင်ငံမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကျိုက်ထီးရိုးဘုရားအောင်ခြင်း ၈ ပါးသမုဒ္ဒရာရွှေတိဂုံစေတီတော်ရခိုင်ပြည်နယ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဧရာဝတီမြစ်ရခိုင်လူမျိုးမြန်မာသရုပ်ဆောင်များစာရင်းမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းစင်ကာပူနိုင်ငံမြန်မာဘာသာစကားမန္တလေးမြို့ဘာဂျာမှုတ်ခြင်းအနော်ရထာကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများထားဝယ်လူမျိုးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရန်ကုန်မြို့မြန်မာ့တော်လှန်ရေးစုန်းကဝေအတတ်မွန်လူမျိုးကရင်လူမျိုးနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ပုဂံဗမာလူမျိုးဘုရင့်နောင်တရုတ်ပြည်သူ့သမ္မတနိုင်ငံဇာတ်ကြီးဆယ်ဘွဲ့ဂုဏ်တော်ကွန်ချာတောင်ကြီးမြို့နေကြတ်ခြင်း နှင့် လကြတ်ခြင်းလ (ကမ္ဘာရံဂြိုဟ်)ဓာရဏပရိတ်တိုင်းစစ်ဌာနချုပ်အလက်ဇန္ဒား ဟာမီတန်မြန်မာနိုင်ငံရှိ ပွဲတော်များဗုဒ္ဓဘာသာတိုက်ညစ်ညမ်းခြင်းများလာအိုနိုင်ငံအောင်ဆန်းစုကြည်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသနပ်ခါးထူးအိမ်သင်အိန္ဒိယနိုင်ငံလမ်းမတော်ဖိုးတုတ်မြန်မာနိုင်ငံ၏ လူဦးရေရှမ်းပြည်နယ်ရာသီခွင်