ငေါင်း

ဒဏ္ဍာရီဆန်ဆန်သတ္တဝါ

ငေါင်း (IPA|/ŋáʊ̃/) သည် မြန်မာ့သမိုင်းမှတ်တမ်းများတွင်ပါသော ဒဏ္ဍာရီဆန်ဆန် ထူးဆန်းသည့် လူတူသတ္တဝါတစ်မျိုးဖြစ်သည်။ ငေါင်းသတ္တဝါသည် ယုံတမ်းစကား (ဝါ) နာနာဘာဝတို့၏ ရုပ်ဆောင်ချက်ဖြစ်သည်ဟု ယုံကြည်ထားကြသည်။ ငုံးလို ကြက်လို သတ္တဝါဖြစ်ပြီး ခြေတစ်ချောင်းသာပါကာ လူနှင့် ဆင်တူသည်ဟု ဆိုသည်။ တောတွင်းတွင် ငေါင်းကိုဖမ်းလိုလျှင် ပိုက်၊ကျော့ စသည်နည်းများဖြင့် ဖမ်းမရပေ။ ငှက်ပျောဖက်ခင်း၍ ထောင်ထားပြီး ချော်လဲသွားမှ ဖမ်းနိုင်သည်ဟု ဆိုကြသည်။ ဂနန်းဘာသာစကားဖြင့် စောက်ကွန်း (ခြေတစ်ချောင်း အကောင်) ဟုခေါ်သည်။ ရှေးမြန်မာ့ တိုင်းရင်းဆေးနည်းများတွင် ထိပ်ကပ်နာပျောက်ဆေး ဖော်ဆပ်သည့်နေရာတွင် ဒေါင်းရိုး၊ ငေါင်းရိုးတို့လည်း အပါအဝင်ဖြစ်သည်ကို တွေ့ရသည်။ တိမ်သလ္လာပျောက်မျက်စဉ်းဆေးတွင်လည်း ငေါင်းရိုးပါဝင်သည်။

ငေါင်း သတ္တဝါပုံအား အထောက်အထားများအရ ပုံဖော်ထားခြင်းဖြစ်သည်။

သွင်ပြင်လက္ခဏာပြင်ဆင်ရန်

ငေါင်းသည် ခြေတစ်ချောင်းထောက်၍ လမ်းလျှောက်တတ်သည်။ ဦးခေါင်းနောက် နောက်စေ့နေရာတွင် အောက်ချင်းငှက်ကဲ့သို့ အချွန်အတက်ကြီးပါရှိသည်။ သစ်ပင်များအထက်သို့ လူတစ်ရပ်ကျော်ခုန်၍ အဆိုပါ အချွန်အတက်ကြီးဖြင့် ပေါက်ကာ ကြာကြာရပ်တည်နေနိုင်သည်။ ခြေတစ်ချောင်းသာရှိသော်လည်း အပြေးအလွန်မြန်သည်။ ဒူးဆစ်ကွေးမရပေ။ သစ်ပင်ကို မှီကာအိပ်စက်တတ်သည်။

အချို့အရပ်များတွင် အတောင်မပါဘဲ၊ လက်သာပါကြောင်း ထူးခြားစွာဆိုသည်။ ဖနောင့်ပြောင်းပြန်လှည့်နေသည့် အနေအထားရှိပြီး လက်မောင်းများ သန်မာသည်။ ခန္ဓာကိုယ်ပြားချပ်သည် စသည်ဖြင့် အမျိုးမျိုးကွဲပြားစွာ ဆိုကြပြန်သည်။ “ငေါင်းခြေတစ်ချောင်း မစားကောင်း” ဟုပင် ရှေးစကားပုံ ရှိသည်။

အထောက်အထားပြင်ဆင်ရန်

ငေါင်းနှင့်ပက်သက်ပြီး အခိုင်လုံဆုံးသော အထောက်အထားမှာ ကုန်းဘောင်မင်းဆက် ရွှေတိုက်တွင် ထားရှိသည့် ရွှေနန်းစဉ် လက်သုံးပုရပိုက်ဖြူဖြစ်သည်။ အဆိုပါဆေးရေးပုရပိုက်တွင် လူမျောက်ငရွှေမောင်၊ ကိန္နရာအသေခြောက်၊ နဂါးဂဠုန်အသေခြောက်၊ ရေသူမနဂါးငါးကောင်၊ ကျွန်းဖိုကျွန်းမပင် စသည်အကြောင်းအရာတို့နှင့် အတူ လူငေါင်းပုံများပါ ပါဝင်သည်။ ဘိုးတော်ဘုရားလက်ထက်က တောင်ငူမြို့ မြတ်စောညီနောင် ဘုရားမှ ဖမ်းယူရရှိသည်။ တောင်ငူမြို့ဝန်မှ ဆက်သသည့် အဆိုပါ ငေါင်းတွင် လက်နှစ်ဖက်၊ ခြေတစ်ဖက် ပါဝင်သည်။ လက်နှစ်ဖက်ကို အတောင်များသဖွယ် ဘေးနှစ်ဖက်သို့ ဖြန့်ကားထားသည်။ အမျိုးသမီးမျက်နှာနှင့် ဆင်တူသော မျက်နှာပုံစံရှိသည်။ ဆံပင်တိုပြီး အသံမှာ ငှက်သံကဲ့သို့ ဖြစ်သည်။ အသားမစားဟုဆိုသည်။

ငေါင်းသတ္တဝါသည် ကိုယ်ခန္ဓာပြားချပ်၏။ လက်နှစ်ဖက်ပါကာ လက်မောင်းများထွားကြိုင်း၏။ အရပ် ငါးပေတစ်လက်မခန့် ရှိသည်။ ဒူးဆစ်မရှိ။ ခြေတစ်ချောင်းသာ ပါ၏။ ခြေဖဝါးသည် အနောက်ဘက်သို့ လှည့်နေပြီး ဖနှောင့်သည် အရှေ့တွင်ရှိသည်။ ခါးတစ်ဆစ် ခြေမျက်စိ တစ်ဆစ် နှစ်ဆစ်သာပါ၏။ နဖူးသည် ခြောက်လက်မကျော် ကျယ်၍ပြောင်၏။ မေးကောက်သည်။ ခေါင်းနောက်စေ့တွင် ပေါက်ချွန်းပမာ၊ အမောက်ပမာ အရိုးကြီးပါရှိသည်။ သစ်ပင်ထူထပ်သော တောနက်ကြီးများတွင် နေထိုင်တတ်သည်။ သစ်ပင်တစ်ပင်မှ တစ်ပင် ကူးပြောင်းသွားလာတတ်၏ဟု လေ့လာတွေ့ရှိချက်အား ကချင်ပြည်နယ် နန်းမွန်ရွာ အမတ်ဟောင်းတစ်ဦးမှ ရေးသားဖူးကြောင်း ငှက်အမျိုးအနွယ်လဲမဟုတ်ပါ အတောင်မပါရှိပါ။

ငေါင်းကောင်သည် လူနှင့်တူသော သတ္တဝါဖြစ်ပြီး ဆံပင်အလွန်ကောင်းသည်။ ငေါင်း၏ဆံပင်ကို ဆံစု(ဆံတု)လုပ်ပါက ဆံပင်ကောင်းသည်ဟု အယူရှိသဖြင့် ရှေးခေတ် အမျိုးသမီးများ ငေါင်း၏ဆံပင်ကို ဆံစု(ဆံတု)လုပ်ကြလေ့ရှိသည်။ ၎င်းသတ္တဝါသည် ခြေတဆစ်လက်တဆစ်သာရှိသောကြောင့် လူကဲ့သို့ကွေး၍ မရချေ။ သို့သော် အလွန်အပြေးသန်သည်။ ကမ္ဘာပေါ်တွင် အပြေးအသန်ဆုံးဖြစ်သည့် ခွေးပင်လိုက်၍ မမှီနိုင်ပေ။ ၎င်းတို့ကို ဖမ်းဆီးရန်မှာ ၎င်းတို့ကျက်စားရာ ပတ်ဝန်းကျင် တောင်စောင်းတနေရာတွင် ဝါးဖက်(ဝါးပိုးဖက်)များကို ခင်းထားရပြီး ဖက်ခင်းထားသည့် တောင်စောင်းဘက်သို့ ၎င်းတို့ကို မောင်းနှင်လိုက်သည့်အခါ ၎င်းတို့သည် ဖက်များကိုနင်းမိကာ ခြေချော်၍ တောင်အောက်သို့ လိမ့်ကျသွားတတ်သည်။ ထိုအခါမျိုးမှာ တောင်အောက်မှစောင့်၍ ဖမ်းရသည်။ ၎င်းငေါင်းကောင်သည် လဲကျရာမှ ထလိုလျှင် သစ်ပင်ငယ်လေးများရှိရာသို့ လူးလှိမ့်ပြီး ထိုသစ်ပင်ငယ်လေးများကို ကိုင်တွယ်ဆွဲယူပြီးထ ကြရသည်။ ၎င်းတို့ လဲကျရာမှ မထ နိုင်မှီ အမိဖမ်းရသည်။

ဟုမ္မလင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ မိုးကောင်းမြို့ အနီးတဝိုက်ရွာများတွင် ငေါင်းကို တွေ့ဖူးကြသည်ဆိုသည်။ နောက်ဆုံးတွေ့ခဲ့သည့် မှတ်တမ်းမှာ ၁၉၅၅ တွင် ကချင်ပြည်နယ် ကဝါးပွန်းရွာမှ ရွာသား ဝဂျစ်ခန်သည် သစ်ခွဲကြောင်းတွင် လက်ညပ်နေသော ငေါင်းတစ်ကောင်အား ဖမ်းဆီးခဲ့မှုဖြစ်သည်။ ဆယ်လော်ရွာရဲစခန်းတွင် တစ်ညထားပြီး နောက်နေ့တွင် သေဆုံးသွားသည်ဆိုသည်။

သူတို့ကို ယဉ်ပါးအောင်မွေး၍ မရချေ။ အုပ်စုဖွဲ့နေထိုင်တတ်ကြပြီး အကြီးဆုံးအကောင်မှာ လူ ၁၀နှစ်သားအရွယ်ခန့် ရှိသည်။ ငေါင်း….ငေါင်း ဟုအော်မြည်တတ်သဖြင့် ငေါင်းဟု ခေါ်ရခြင်းဖြစ်သည်။ ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်ပြီး ယခုအခါမှာတော့ မရှိသလောက်ကို ရှားသွားပြီဖြစ်သည်။ သူတို့၏ အရိုးကို ဆေးတံရိုးလုပ်ပြီး သောက်လျှင် သွားခိုင်သည်ဟု ရှေးလူကြီးများက ဆိုကြသည်။ [၁]အချုပ်အားဖြင့်ဆိုသော် ငေါင်းသည် နာနာဘာဝမဟုတ်သလို ငှက်လည်းမဟုတ်ပေ။ လက်နှင့်ခေါင်း သဏ္ဌာန်ပါဝင်ပြီး ထူးဆန်းသည့် သတ္တဝါဆန်းတစ်မျိုးဖြစ်ပြီး အမျိုးတုံးရှားပါးသည်ဟု ဆိုရမည်ဖြစ်သည်။

ကိုးကားပြင်ဆင်ရန်

  1. မောင်ကြည်သန့် ရေးသည့် မြန်မာ့ဖြစ်ရပ်(၁၀၀)စာအုပ်မှ
🔥 Top keywords: ဗဟိုစာမျက်နှာတပ်မတော်နေ့အထူး:ရှာဖွေရန်မြန်မာနိုင်ငံကမ္ဘောဒီးယားနိုင်ငံအောင်ဆန်းသင်္ကြန်အန်ကောဝပ်တပ်မတော်ဟော့ဘစ်စမ်းချောင်းမြို့နယ်တပ်မတော် (ကြည်း)မေတ္တသုတ်ဖိလစ်ပိုင်နိုင်ငံမင်းအောင်လှိုင်ဝေလမင်းသမီး ဒိုင်ယာနာထိုင်းနိုင်ငံမွန်ပြည်နယ်မိန်းမ မျိုးပွားအင်္ဂါမဟာသမယသုတ်ပဋ္ဌာန်းပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂မြဝတီရုပ်မြင်သံကြားမြန်မာ့သမိုင်းမော်ဂျူး:Argumentsဘုရားဂုဏ်တော်ဆလုံလူမျိုးအမေရိကန်ပြည်ထောင်စုတစ်တော့မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များဘရူနိုင်းနိုင်ငံအော်ကာဒုတိယ ကမ္ဘာစစ်စိန်သင်္ကြန်မိုးဂျပန်နိုင်ငံမြန်မာနိုင်ငံရှိ မြို့များပရိတ်ကြီး ၁၁ သုတ်အင်ဒိုနီးရှားနိုင်ငံCanal+ Myanmarငပလီကမ်းခြေမြန်မာတိုင်းရင်းသားမျိုးနွယ်များမထိုးသွင်းသော လိင်ဆက်ဆံခြင်းဝီကီပီးဒီးယား:Sandboxအထူး:လတ်တလောအပြောင်းအလဲများတီဘီရောဂါမြန်မာပိတောက်မလေးရှားနိုင်ငံမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကျိုက်ထီးရိုးဘုရားအောင်ခြင်း ၈ ပါးသမုဒ္ဒရာရွှေတိဂုံစေတီတော်ရခိုင်ပြည်နယ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဧရာဝတီမြစ်ရခိုင်လူမျိုးမြန်မာသရုပ်ဆောင်များစာရင်းမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းစင်ကာပူနိုင်ငံမြန်မာဘာသာစကားမန္တလေးမြို့ဘာဂျာမှုတ်ခြင်းအနော်ရထာကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများထားဝယ်လူမျိုးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရန်ကုန်မြို့မြန်မာ့တော်လှန်ရေးစုန်းကဝေအတတ်မွန်လူမျိုးကရင်လူမျိုးနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ပုဂံဗမာလူမျိုးဘုရင့်နောင်တရုတ်ပြည်သူ့သမ္မတနိုင်ငံဇာတ်ကြီးဆယ်ဘွဲ့ဂုဏ်တော်ကွန်ချာတောင်ကြီးမြို့နေကြတ်ခြင်း နှင့် လကြတ်ခြင်းလ (ကမ္ဘာရံဂြိုဟ်)ဓာရဏပရိတ်တိုင်းစစ်ဌာနချုပ်အလက်ဇန္ဒား ဟာမီတန်မြန်မာနိုင်ငံရှိ ပွဲတော်များဗုဒ္ဓဘာသာတိုက်ညစ်ညမ်းခြင်းများလာအိုနိုင်ငံအောင်ဆန်းစုကြည်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသနပ်ခါးထူးအိမ်သင်အိန္ဒိယနိုင်ငံလမ်းမတော်ဖိုးတုတ်မြန်မာနိုင်ငံ၏ လူဦးရေရှမ်းပြည်နယ်ရာသီခွင်