သုက်ပန်းခြင်း

သုက်ပန်းခြင်းသည် သုက်ရည်များ လိင်တံ မှ ပန်းထွတ်ခြင်း ဖြစ်ပြီး များသောအားဖြင့် လိင်အထွပ်အထိတ် (orgasm) ရောက်လေ့ရှိသည်။ လိင်ဆက်ဆံစဉ် ကြွက်သားများ ဆက်တိုက် ကျုံ့ကြွခြင်းဖြင့် အဖို ဂမိတ် ပါသော သုက်ရည်ကို လိင်ချောင်းမှ တစ်ဆင့် မိန်းမ အင်္ဂါ အထိ သယ်ဆောင်သည်။ ၎င်းသည် လိင်စိတ်ဆွခြင်းကြောင့် ဖြစ်ပေါ်သည်။ ရှားပါးသော အဖြစ်မှာ ပရောစတိတ် ရောဂါ ကြောင့်လည်း သုက်ပန်းခြင်း ဖြစ်တတ်သည်။ သုက်ပန်းခြင်းသည် အိပ်ပျော်စဉ် တွင် အပျော် အိပ်မက်များကြောင့် လည်း ဖြစ်တတ်သည်။

သုက်ပန်းခြင်း အဆင့်ဆင့်

အဆင့်များပြင်ဆင်ရန်

သုက်ပန်းခြင်းတွင် ထုတ်လွှတ်ခြင်း နှင့် ပန်းထုတ်ခြင်း ဟူ၍ နှစ်ပိုင်းရှိသည်။ ထုတ်လွှတ် အကန်စိတ် (ejaculatory reflex) ၏ ထုတ်လွှတ်ခြင်း အဆင့်တွင် အလိုလျောက်ထိမ်းချူပ်သော နမ်ကြော စနစ် (sympathetic nervous system) ၏ ထိမ်းချူပ်မှုအောက်တွင် ဖြစ်ပြီး ပန်းထုတ်ခြင်း အဆင့်ကို စပိုင်နယ် အကန်စိတ် (spinal reflex) ၏ ထိမ်းချုပ်မှုအောက်တွင် ရှိသည်။ အလိုလျောက် အကန်စိတ် မှ သုက်ပန်းခြင်း ဖြစ်ပေါ်လာပြီး သုက်ပန်းခြင်း မှ လိင်စိတ်နှိုးဆွမှု ဖြစ်ပေါ်လာသည်။

ထုတ်လွှတ်ခြင်းပြင်ဆင်ရန်

ထုတ်လွှတ်ခြင်း ကနဦးပိုင်းတွင် "ပြန်လမ်းမရှိသော" ခံစားချက်များ ရရှိကြပြီး ၎င်းကို မထိမ်းနိုင်သော် သုက်ပန်းခြင်း အမှတ် ဟုခေါ်သည်။ သုက်ပန်းစဉ်တွင် သုက်ကောင်များသည် ဆီးအိမ် နောက်ရှိ ပြွန်နှစ်ချောင်းကိုဖြတ်ကာ သုက်လမ်းကြောင်း တစ်လျှောက် ယက်ကန်၍ တက်လာသည်။ Seminal Vesicle များက အရည်ထပ်ထဲ့ပြီး သုက်လမ်းကြောင်း က ဆီးတံ နှင့် တဖန် ပေါင်းပြန်သည်။ ပန်းထုတ်ခြင်း အဆင့်တွင် သုက်ရည်များကို ဆီးပြွန်၏ မှန်မှန် ကျုံ့ကြွခြင်းများဖြင့် ပန်းထုတ်သည်။

ပန်းထုတ်ခြင်းပြင်ဆင်ရန်

မှန်မှန် သုက်ပန်းခြင်း သည် ယောက်ျား တို့ လိင်အထွပ်အထိတ်ရောက်ခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သုက်ပန်းခြင်းကို ဖောင်းကြွသော အသီးကဲ့သို့ရှိသည့် bulbospongiosus ကြွက်သားများက ပန်းထုတ်သည်။ ထုံးစံ ယောက်ျား လိင်အထွတ်အထိတ် ရောက်ခြင်းမှာ ၁၇ စက္ကန့်ခန့်ကြာပြီး စက္ကန့် အနည်းငယ်မှ တစ်မိနစ် အထိ လူအလိုက် ခြားနားနိုင်သည်။ လိင်အထွတ်အထိတ် ရောက်စ၌ သုက်ရည် အပြွက်များ ဆီးလမ်းကြောင်းထဲသို့ ရောက်ပြီး ထုတ်ခြင်း အထိတ်ကို ရောက်ကာ တဖြည်းဖြည်းခြင်း လျော့ကျသွားသည်။ ထုံးစံမှာ ယောက်ျား လိင်အထွတ်အထိတ် ရောက်ခြင်းတွင် လိင်တံ ထိတ်ရောက်သည် အထိ ၁၀ မှ ၁၅ ချက်လောက် ကျုံ့ထုတ်ပြီး ကျုံ့သည့်အခါတိုင်း အတိုင်းမရှိသော သာယာမှုကို ပေးသည်။ ပထမ တစ်ချက် ကျုံ့ထုတ်လိုက်ပြီးလျှင် အလိုလို ဆက်၍ ကျုံ့ထုတ်ခြင်းမှ တားမြစ်ရန် နည်းလမ်းမရှိခြေ။ ကျုံ့ထုတ်ခြင်းနှုန်းသည် လိင်အထွတ်အထိတ် ရောက်စဉ် အတွင်း တဖြည်းဖြည်း နှေးလာသည်။ ပထမ တစ်ချက် ကျုံ့ထုတ်နှုန်းသည် ၀.၆ စက္ကန့်ကြာပြီး နောက်တစ်ခါ ကျုံ့ချက်သည် ၀.၁ စက္ကန့်ပို၍ပို၍ ကြာလာသည်။ ယောက်ျား အများစုသည် လိင်အထွတ်အထိတ် နောက်ဆုံးတွင် ထူးခြားသော အပိုဆု သာယာမှု ရှိသည်။[၁]

ကိုးကားပြင်ဆင်ရန်

  1. Bolen, J. G., (1980-Dec-9). "The male orgasm: pelvic contractions measured by anal probe". Archives of Sexual Behavior (6): 503-21. doi:10.1175/1520-0442(2002)015<0487:SOCASI>2.0.CO;2. PMID 7458658. 
🔥 Top keywords: ဗဟိုစာမျက်နှာတပ်မတော်နေ့အထူး:ရှာဖွေရန်မြန်မာနိုင်ငံကမ္ဘောဒီးယားနိုင်ငံအောင်ဆန်းသင်္ကြန်အန်ကောဝပ်တပ်မတော်ဟော့ဘစ်စမ်းချောင်းမြို့နယ်တပ်မတော် (ကြည်း)မေတ္တသုတ်ဖိလစ်ပိုင်နိုင်ငံမင်းအောင်လှိုင်ဝေလမင်းသမီး ဒိုင်ယာနာထိုင်းနိုင်ငံမွန်ပြည်နယ်မိန်းမ မျိုးပွားအင်္ဂါမဟာသမယသုတ်ပဋ္ဌာန်းပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂မြဝတီရုပ်မြင်သံကြားမြန်မာ့သမိုင်းမော်ဂျူး:Argumentsဘုရားဂုဏ်တော်ဆလုံလူမျိုးအမေရိကန်ပြည်ထောင်စုတစ်တော့မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များဘရူနိုင်းနိုင်ငံအော်ကာဒုတိယ ကမ္ဘာစစ်စိန်သင်္ကြန်မိုးဂျပန်နိုင်ငံမြန်မာနိုင်ငံရှိ မြို့များပရိတ်ကြီး ၁၁ သုတ်အင်ဒိုနီးရှားနိုင်ငံCanal+ Myanmarငပလီကမ်းခြေမြန်မာတိုင်းရင်းသားမျိုးနွယ်များမထိုးသွင်းသော လိင်ဆက်ဆံခြင်းဝီကီပီးဒီးယား:Sandboxအထူး:လတ်တလောအပြောင်းအလဲများတီဘီရောဂါမြန်မာပိတောက်မလေးရှားနိုင်ငံမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကျိုက်ထီးရိုးဘုရားအောင်ခြင်း ၈ ပါးသမုဒ္ဒရာရွှေတိဂုံစေတီတော်ရခိုင်ပြည်နယ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဧရာဝတီမြစ်ရခိုင်လူမျိုးမြန်မာသရုပ်ဆောင်များစာရင်းမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းစင်ကာပူနိုင်ငံမြန်မာဘာသာစကားမန္တလေးမြို့ဘာဂျာမှုတ်ခြင်းအနော်ရထာကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများထားဝယ်လူမျိုးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရန်ကုန်မြို့မြန်မာ့တော်လှန်ရေးစုန်းကဝေအတတ်မွန်လူမျိုးကရင်လူမျိုးနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ပုဂံဗမာလူမျိုးဘုရင့်နောင်တရုတ်ပြည်သူ့သမ္မတနိုင်ငံဇာတ်ကြီးဆယ်ဘွဲ့ဂုဏ်တော်ကွန်ချာတောင်ကြီးမြို့နေကြတ်ခြင်း နှင့် လကြတ်ခြင်းလ (ကမ္ဘာရံဂြိုဟ်)ဓာရဏပရိတ်တိုင်းစစ်ဌာနချုပ်အလက်ဇန္ဒား ဟာမီတန်မြန်မာနိုင်ငံရှိ ပွဲတော်များဗုဒ္ဓဘာသာတိုက်ညစ်ညမ်းခြင်းများလာအိုနိုင်ငံအောင်ဆန်းစုကြည်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသနပ်ခါးထူးအိမ်သင်အိန္ဒိယနိုင်ငံလမ်းမတော်ဖိုးတုတ်မြန်မာနိုင်ငံ၏ လူဦးရေရှမ်းပြည်နယ်ရာသီခွင်