သင်းဖူမြို့

သင်းဖူမြို့(/tɪmˈp/; တမ်းပလိတ်:Lang-dz တမ်းပလိတ်:IPA-dzသည် ဘူတန်နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်ပြီး ဘူတန်နိုင်ငံ၏ ဒီဇုန်ခတစ်ခုဖြစ်သော သင်းဖူခရိုင်တွင်တည်ရှိသည်။ ၁၉၅၅ ခုနှစ်တွင် မြို့တော်အား ရှေးဟောင်းမြို့တော် ပူနာခမြို့မှ သင်းဖူမြို့သို့ ပြောင်းရွေ့ခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် တတိယမြောက်ဒရက်ဂါပို(နဂါးဘုရင်) ဂျစ်မီ ဒေါ်ဂျီ ဝမ်ချပ်မှ ဘူတန်ဘုရင့်နိုင်ငံ၏ မြို့တော်အဖြစ် ကြေညာခဲ့သည်။

သင်းဖူမြို့
Thromde
အပေါ်ဘက်ဘယ်မှ: Tashichho Dzong၊ ဘူတန် အမျိုးသားစာကြည့်တိုက်၊ သင်းဖူမြို့၏ အပေါ်စီးမြင်ကွင်း၊ သင်းဖူစီပွားရေးခရိုင်
သင်းဖူမြို့၏ အလံတော်
အလံတော်
သင်းဖူမြို့ သည် ဘူတန်နိုင်ငံ တွင် တည်ရှိသည်
သင်းဖူမြို့
သင်းဖူမြို့
သင်းဖူမြို့ သည် အာရှတိုက် တွင် တည်ရှိသည်
သင်းဖူမြို့
သင်းဖူမြို့
ဘူတန်နိုင်ငံရှိ သင်းဖူမြို့တည်နေရာ
ကိုဩဒိနိတ်: 27°28′20″N 89°38′10″E / 27.47222°N 89.63611°E / 27.47222; 89.63611ကိုဩဒိနိတ်: 27°28′20″N 89°38′10″E / 27.47222°N 89.63611°E / 27.47222; 89.63611
နိုင်ငံဘူတန်နိုင်ငံ
ခရိုင်သင်းဖူ
GewogChang
မြို့တော်အဖြစ်တည်ထောင်ခြင်း၁၉၅၅
မြို့နယ်၁၉၆၁
Municipality၂၀၀၉
အစိုးရ
 • ဒရက် ဂါပိုဂျစ်မီ ခီဆာ နမ်ဂျယ် ဝမ်ချပ်
 • ThromponUgyen Dorji[၁]
ဧရိယာ
 • စုစုပေါင်း၂၆.၁ စတုရန်းကီလိုမီတာ (၁၀.၁ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၂၃၂၀ မီတာ (၇၆၅၆ ပေ)
လူဦးရေ (၂၀၁၇)
 • စုစုပေါင်း၁၁၄,၅၅၁
 • သိပ်သည်းမှု၄၃၈၉/km (၁၁၃၇၀/sq mi)
အချိန်ဇုန်BTT (UTC+06:00)
ဧရိယာကုဒ်(များ)+975-2
ရာသီဥတုCwb
ဝက်ဘ်ဆိုဒ်thimphucity.bt

မြို့သည် ဘူတန်နိုင်ငံတွင် ဝန်ချူး သို့မဟုတ် သင်းဖူချူဟု သိကြသော ရိုင်ဒက်မြစ်(Raidāk River)၏ အနောက်ဘက်ကမ်း တောင်ကြားဒေသတစ်လျှောက် တောင်-မြောက် ဦးတည်ရာအတိုင်း သွယ်တန်းတည်ရှိသည်။ သင်းဖူမြို့သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အမြင့်ဆုံးမြို့တစ်မြို့ဖြစ်ပြီး ၎င်း၏ အမြင့်အတိုင်းအတာမှာ ၂,၂၄၈ မီတာ (၇,၃၇၅ ပေ) မှ ၂,၆၄၈ မီတာ (၈,၆၈၈ ပေ) ထိ ရှိသည်။[၂][၃][၄][၅][၆] မြို့တော်တစ်ခုအတွက် ပုံမုန်မဟုတ်သော အခြေအနေတစ်ခုဖြစ်သည့် သင်းဖူမြို့တွင် ၎င်း၏ ကိုယ်ပိုင်လေဆိပ်မရှိပဲ ၅၂ ကီလိုမီတာ (၃၂ မိုင်) အကွာတွင်ရှိသော ပါရိုလေဆိပ်အပေါ်တွင် မှီခိုအားထားနေရသည်။

သင်းဖူမြို့သည် ဘူတန်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဗဟိုဖြစ်သည့်အလျှောက် ကြီးမားသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကြီးများ တည်ရှိပြီး နိုင်ငံ GNP ၏ ၄၅% ကို ရရှိအောင် ဆောင်ရွက်ပေးနေသည်။[၇] စီးပွားရေး၏ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသော ခရီးသွားလုပ်ငန်းသည် ရိုးရာ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီတိုးတက်အောင် ဆောင်ရွက်ခြင်းတို့အကြား မျှခြေတစ်ခုအဖြစ် ထိန်းသိမ်းရင်း တင်းကြပ်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိသည်။ သင်းဖူမြို့တွင် ဘူတန်နိုင်ငံ၏ အရေးပါသော နိုင်ငံရေးအဆောက်အဦများဖြစ်သည့် အသစ်ပေါ်ပေါက်လာခဲ့သော ပါလီမန်ဒီမိုကရေစီအတွက် အမျိုးသားလွှတ်တော်အဆောက်အဦ၊ မြို့၏ မြောက်ပိုင်းတွင် တည်ရှိသော ဘုရင်၏ တရားဝင်အိမ်တော်ဖြစ်သည့် ဒီရှန်ခိုလင်းနန်းတော်(Dechencholing Palace) တို့တည်ရှိသည်။ သင်းဖူမြို့သည် ၁၉၉၈ ခုနှစ် စတင်ခဲ့သော မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်သော "Thimphu Structure Plan" ကို တောင်ကြား၏ အထိအခိုက်မခံသော ဂေဟစနစ်ကို ကာကွယ်ရင်း ဟန်ချက်ညီအောင် ဆောင်ရွက်လျက်ရှိသည်။ ဤဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့မှ ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ပေးလျက်ရှိသည်။

ဘူတန်နိုင်ငံ၏ ယဉ်ကျေးမှုသည် သင်းဖူမြို့ရှိ စာပေ၊ ဘာသာတရား၊ ဓလေ့ထုံးစံ၊ အမျိုးသားဝတ်စုံ၊ ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်းခံသောဓလေ့၊ ဂီတနှင့်အက၊ သတင်းမီဒီယာတို့တွင် ထင်ဟပ်လျက်ရှိသည်။ မျက်နှာဖုံးများ ဝတ်ဆင်၍ ကလေ့ရှိသော ဆေးချူး(Tshechu)ပွဲတော်သည် အရေးပါသော ပွဲတော်တစ်ခုဖြစ်ပြီး သင်းဖူမြို့ရှိ တာရှီချို ဒဇုန်း(Tashichho Dzong) ကွင်းပြင်တွင် ကျင်းပသည်။ လေးရက်ကြာကျင်းပသော ထိုပွဲတော်ကို နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ဘူတန်ပြက္ခဒိန်နှင့် ကိုက်ညီသော ရက်၌ ကျင်းပသည်။

ကိုးကားပြင်ဆင်ရန်

  1. Thimphu votes for change
  2. Thimphu Dzongkhag။ Government of Bhutan။ 8 September 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2021 တွင် ပြန်စစ်ပြီး။
  3. Bhutan။ Tourism Council of Bhutan:Government of Bhutan။ 9 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-06-07 တွင် ပြန်စစ်ပြီး။
  4. Introduction: Understanding Natural Systems။ Government of Bhutan။ 3 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2021 တွင် ပြန်စစ်ပြီး။
  5. Brown, p. 97
  6. Palin, p. 245
  7. Economy။ Tourism Government of Bhutan။ 14 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2021 တွင် ပြန်စစ်ပြီး။


🔥 Top keywords: ဗဟိုစာမျက်နှာတပ်မတော်နေ့အထူး:ရှာဖွေရန်မြန်မာနိုင်ငံကမ္ဘောဒီးယားနိုင်ငံအောင်ဆန်းသင်္ကြန်အန်ကောဝပ်တပ်မတော်ဟော့ဘစ်စမ်းချောင်းမြို့နယ်တပ်မတော် (ကြည်း)မေတ္တသုတ်ဖိလစ်ပိုင်နိုင်ငံမင်းအောင်လှိုင်ဝေလမင်းသမီး ဒိုင်ယာနာထိုင်းနိုင်ငံမွန်ပြည်နယ်မိန်းမ မျိုးပွားအင်္ဂါမဟာသမယသုတ်ပဋ္ဌာန်းပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂မြဝတီရုပ်မြင်သံကြားမြန်မာ့သမိုင်းမော်ဂျူး:Argumentsဘုရားဂုဏ်တော်ဆလုံလူမျိုးအမေရိကန်ပြည်ထောင်စုတစ်တော့မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များဘရူနိုင်းနိုင်ငံအော်ကာဒုတိယ ကမ္ဘာစစ်စိန်သင်္ကြန်မိုးဂျပန်နိုင်ငံမြန်မာနိုင်ငံရှိ မြို့များပရိတ်ကြီး ၁၁ သုတ်အင်ဒိုနီးရှားနိုင်ငံCanal+ Myanmarငပလီကမ်းခြေမြန်မာတိုင်းရင်းသားမျိုးနွယ်များမထိုးသွင်းသော လိင်ဆက်ဆံခြင်းဝီကီပီးဒီးယား:Sandboxအထူး:လတ်တလောအပြောင်းအလဲများတီဘီရောဂါမြန်မာပိတောက်မလေးရှားနိုင်ငံမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကျိုက်ထီးရိုးဘုရားအောင်ခြင်း ၈ ပါးသမုဒ္ဒရာရွှေတိဂုံစေတီတော်ရခိုင်ပြည်နယ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဧရာဝတီမြစ်ရခိုင်လူမျိုးမြန်မာသရုပ်ဆောင်များစာရင်းမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းစင်ကာပူနိုင်ငံမြန်မာဘာသာစကားမန္တလေးမြို့ဘာဂျာမှုတ်ခြင်းအနော်ရထာကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများထားဝယ်လူမျိုးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရန်ကုန်မြို့မြန်မာ့တော်လှန်ရေးစုန်းကဝေအတတ်မွန်လူမျိုးကရင်လူမျိုးနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ပုဂံဗမာလူမျိုးဘုရင့်နောင်တရုတ်ပြည်သူ့သမ္မတနိုင်ငံဇာတ်ကြီးဆယ်ဘွဲ့ဂုဏ်တော်ကွန်ချာတောင်ကြီးမြို့နေကြတ်ခြင်း နှင့် လကြတ်ခြင်းလ (ကမ္ဘာရံဂြိုဟ်)ဓာရဏပရိတ်တိုင်းစစ်ဌာနချုပ်အလက်ဇန္ဒား ဟာမီတန်မြန်မာနိုင်ငံရှိ ပွဲတော်များဗုဒ္ဓဘာသာတိုက်ညစ်ညမ်းခြင်းများလာအိုနိုင်ငံအောင်ဆန်းစုကြည်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသနပ်ခါးထူးအိမ်သင်အိန္ဒိယနိုင်ငံလမ်းမတော်ဖိုးတုတ်မြန်မာနိုင်ငံ၏ လူဦးရေရှမ်းပြည်နယ်ရာသီခွင်