ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ

ပြည်သူမှတရားဝင်ရွေးချယ်တင်မြှောက်ထားသည့်ပြည်သူ့အစိုးရအဖွဲ့

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (အင်္ဂလိပ်: Committee Representing Pyidaungsu Hluttaw, CRPH) သည် ၂၀၂၀ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စားပြုသည့် ဥပဒေပြုအဖွဲ့ဖြစ်သည်။ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ ဦးဆောင်သော ကော်မတီတွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးပါဝင်သည်။[၁]

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
Committee Representing Pyidaungsu Hluttaw
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
ကော်မတီ အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၅ ဖေဖော်ဝါရီ ၂၀၂၁; ၃ နှစ် အကြာက (၂၀၂၁-၀၂-05)
ယခင်အဖွဲ့အစည်းပြည်ထောင်စုလွှတ်တော်
ဌာနအကြီးအမှူးများ၊ ဥက္ကဋ္ဌ
ဦးအောင်ကြည်ညွန့်
ဝက်ဘ်ဆိုက်crphmyanmar.org

၂၀၂၀ မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော် တွေ့ဆုံကြသည့် အွန်လိုင်းဇွန်းမ်(Zoom) အစည်းအဝေး၌ အဖွဲ့ဝင် ၁၅-ဦးဖြင့် ၂၀၂၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[၂][၃][၄]

ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ပြည်ထောင်စု အစိုးရကို ဖျက်သိမ်းရန် တပ်မတော်က အားထုတ်ကြိုးပမ်းမှုသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ အခန်း (၆) ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းပြီး ရာဇဝတ်မှုမြောက်သောလုပ်ရပ်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့တွင် CRPH က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး[၅][၆] တပ်မတော်အစိုးရ သည် တရားမဝင်ကြောင်း ပြောဆိုခဲ့သည်။[၅] ကုလသမဂ္ဂသံတမန်များနှင့် နိုင်ငံတကာအနေဖြင့် တရားဝင် အစိုးရဆိုင်ရာ ကိစ္စရပ်များအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖြင့်သာ ဆက်သွယ်ဆောင်ရွက်ရန်လည်း အကြံပြုခဲ့သည်။[၅]

ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်နေ့အထိ နောက်ထပ် ၅ နှစ်သက်တမ်းတိုးခဲ့သည်။[၆] ထိုနေ့မှာပင် ဆန္ဒပြမှုများအား စစ်အစိုးရက ဖြိုခွင်းမှုများနှင့် ပတ်သက်၍ အကြမ်းဖက်မဖြိုခွင်းရန် ထုတ်ပြန်ခဲ့ကာ ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှုများကို ထောက်ခံခဲ့သည်။[၇]

ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တအောင်း (ပလောင်) အမျိုးသားပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်နှစ်ဦးကို ကော်မတီဝင်များအဖြစ် ထပ်မံပေါင်းထည့်ခဲ့သည်။[၈]

အဖွဲ့ဝင်များပြင်ဆင်ရန်

စဉ်အမည်ရာထူး ရွေးချယ်ခံရသည့်နယ်မြေနိုင်ငံရေးပါတီ
ဒေါ်ဖြူဖြူသင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
ဦးရည်မွန် (ခ) ဦးတင်သစ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပုဗ္ဗသီရိမဲဆန္ဒနယ်
ဦးထွန်းမြင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဗဟန်းမဲဆန္ဒနယ်
ဦးနိုင်ထူးအောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နွားထိုးကြီးမဲဆန္ဒနယ်
ဒေါက်တာဝေဖြိုးအောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သာကေတမဲဆန္ဒနယ်
ဒေါ်ဇင်မာအောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရန်ကင်းမဲဆန္ဒနယ်
ဦးလွင်ကိုလတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သန်လျင်မဲဆန္ဒနယ်
ဦးဥက္ကာမင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မြိတ်မဲဆန္ဒနယ်
ဦးဝင်းနိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မိုးကောင်းမဲဆန္ဒနယ်
၁၀ဦးနေမျိုးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ညောင်ရွှေမဲဆန္ဒနယ်
၁၁ဦးဇော်မင်းသိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လေးမျက်နှာမဲဆန္ဒနယ်
၁၂ဦးမျိုးနိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ချမ်းအေးသာဇံမြို့နယ်
၁၃ဦးဇေလတ်အမှတ် - ၇၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပဲခူးတိုင်းဒေသကြီး
၁၄ဒေါ်မြတ်သီတာထွန်းအမှတ် - ၈၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မွန်ပြည်နယ်
၁၅စောယှားဖောင်အွာအမှတ် - ၄၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကရင်ပြည်နယ်
၁၆ဦးရောဘတ်ညေးရယ်အမှတ် - ၁၀၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကယားပြည်နယ်ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP)
၁၇ဦးလမင်းထွန်း (ခ) အဖြိုးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နမ့်ဆန်မဲဆန္ဒနယ်တအောင်း (ပလောင်) အမျိုးသားပါတီ (TNP)
၁၈ဦးလမာနော်အောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အင်ဂျန်းယန်မဲဆန္ဒနယ်ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)
၁၉ဦးစည်သူမောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပန်းပဲတန်းမဲဆန္ဒနယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
၂၀ဦးအောင်ကြည်ညွန့်အမှတ် - ၆၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မကွေးတိုင်းဒေသကြီး

[၄]

ခေတ္တပြည်ထောင်စုဝန်ကြီးများပြင်ဆင်ရန်

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် မတ်လ ၂ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၁/၂၀၂၁) ကိုထုတ်ပြန်၍ တာဝန်ထမ်းဆောင်နိုင်သည့် အခြေအနေမရှိသော ဝန်ကြီးများနေရာတွင် ကိုယ်စားဆောင်ရွက်ရန် ယာယီပြည်ထောင်စု ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့သည်။[၉]

ခေတ္တဝန်ကြီးများ
စဉ်အမည်ဝန်ကြီးဌာနတာဝန်ထမ်းဆောင်ခြင်း
စတင်ရက်ပြီးဆုံးရက်ရက်ပေါင်း
ဒေါ်ဇင်မာအောင်နိုင်ငံခြားရေးဝန်ကြီးဌာန၂ မတ် ၂၀၂၁လက်ရှိ၁၁၀၃


ဦးလွင်ကိုလတ်သမ္မတရုံးဝန်ကြီးဌာန၂ မတ် ၂၀၂၁လက်ရှိ၁၁၀၃


ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
ဦးတင်ထွန်းနိုင်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၂ မတ် ၂၀၂၁လက်ရှိ၁၁၀၃


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဒေါက်တာဇော်ဝေစိုးအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၂ မတ် ၂၀၂၁လက်ရှိ၁၁၀၃


ပညာရေးဝန်ကြီးဌာန
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ဒေါက်တာဝင်းမြတ်အေးလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၂၃ မတ် ၂၀၂၁လက်ရှိ၁၀၈၂


လုပ်ဆောင်ချက်များပြင်ဆင်ရန်

မတ်လ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် စစ်ကောင်စီ၏ ဖျက်စီးမှုကြောင့် မတ်လ ၂၇ ရက်နေ့၌ မီးဘေးသင့်ခဲ့သော အိမ်ခြေ ၇၀ အား သိန်း ၇၀ ထောက်ပံ့ပေးခဲ့သည်။[၁၀]

မတ်လ ၃၁ ရက်နေ့တွင် ကော်မတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးဖြတ်သိမ်းကြောင်းကြေညာခဲ့ပြီး[၁၁] ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် ကိုလည်းထုတ်ပြန်ကြေညာခဲ့သည်။[၁၂]

မတ်လ ၃၁ ရက်၌ ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ်ကို အတည်ပြု ဖွဲ့စည်းခဲ့သည်။[၁၃] ထိုကြေညာချက်ကို ပြည်သူ့အသံ ရုပ်သံလိုင်း၏ ဖေ့စဘွတ်စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့ပြီး ၎င်းရုပ်သံလိုင်းကိုပါ တစ်ဆက်တည်း အသက်သွင်းခဲ့သည်။[၁၄] ကြေညာချက်အရ မန်းဝင်းခိုင်သန်းသည် ဖက်ဒရယ် ပြည်ထောင်စုဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

မတရားအသင်းအဖြစ် ကြေညာခံရခြင်းပြင်ဆင်ရန်

မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်း အဖြစ်ကြေညာခဲ့သည်။ မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၆ အရ CRPH ကော်မတီနှင့် ယင်းကော်မတီက ဖွဲ့စည်းထားသော အဖွဲ့ အစည်းများကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂) ပါ အဓိပ္ပာယ် ဖော်ပြချက်များနှင့်အညီ မတရားအသင်း အဖြစ် ကြေညာလိုက်ကြောင်း စစ်ကောင်စီက ခန့်အပ်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ထုတ်ပြန်ခဲ့သည်။[၁၅]

အခြားဖတ်ရန်ပြင်ဆင်ရန်

ကိုးကားပြင်ဆင်ရန်

  1. "NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း" (in my)၊ VOA၊ 5 February 2021။ 
  2. ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း၊ သမ္မတဦးဝင်းမြင့် ခေါင်းဆောင်သော အစိုးရသာလျှင် တရားဝင်အစိုးရဖြစ်ကြောင်း ကမ္ဘာကိုကြေညာ။ 2021-02-05 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-05 တွင် ပြန်စစ်ပြီး။
  3. NLD အမတ် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့စည်း။ 2021-02-06 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-06 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီကို ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ ထုတ်ပြန်။ 2021-02-06 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ Amid Coup, Myanmar's NLD Lawmakers Form Committee to Serve as Legitimate Parliament (in en-US) (2021-02-08)။ 2021-02-08 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အစိုးရဖွဲ့ဖို့ပြင်" (in my)၊ BBC News မြန်မာ 
  7. ဆန္ဒပြသူများကို အကြမ်းဖက်မဖြိုခွင်းရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ထုတ်ပြန် (in my)။ 15 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 February 2021 တွင် ပြန်စစ်ပြီး။
  8. သတင်းထုတ်ပြန်ချက် အမှတ်( ၂ ) (in my) (2021-02-10)။
  9. "CRPH က အစိုးရသစ်ဖွဲ့တာမဟုတ်၊ ကြားကာလ ကိုယ်စားပြုသူတွေ ခန့်ထားတာလို့ဆို"။ 
  10. စစ်ကောင်စီ၏ လက်ချက်ကြောင့် မီးဘေးသင့်ခဲ့သော အိမ်ခြေ ၇၀ အား CRPH မှ သိန်း ၇၀ ထောက်ပံ့
  11. CRPH မှ ၂၀၀၈ ခြေဥဖျက်သိမ်း။ 1 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 April 2021 တွင် ပြန်စစ်ပြီး။
  12. ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ထုတ်ပြန်ကြေညာခြင်း။ 1 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 April 2021 တွင် ပြန်စစ်ပြီး။
  13. "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း" (in my)၊ Committee Representing Pyidaungsu Hluttaw၊ 16 April 2021။ 
  14. ပြည်သူ့အသံ ရုပ်သံ (Public Voice Television) ကို စတင်ထုတ်လွှင့်PVTV
  15. CRPH က အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်သလို စစ်ကောင်စီကလည်း မတရားအသင်း ကြေညာ

ပြင်ပလင့်ခ်များပြင်ဆင်ရန်


🔥 Top keywords: ဗဟိုစာမျက်နှာတပ်မတော်နေ့အထူး:ရှာဖွေရန်မြန်မာနိုင်ငံကမ္ဘောဒီးယားနိုင်ငံအောင်ဆန်းသင်္ကြန်အန်ကောဝပ်တပ်မတော်ဟော့ဘစ်စမ်းချောင်းမြို့နယ်တပ်မတော် (ကြည်း)မေတ္တသုတ်ဖိလစ်ပိုင်နိုင်ငံမင်းအောင်လှိုင်ဝေလမင်းသမီး ဒိုင်ယာနာထိုင်းနိုင်ငံမွန်ပြည်နယ်မိန်းမ မျိုးပွားအင်္ဂါမဟာသမယသုတ်ပဋ္ဌာန်းပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂မြဝတီရုပ်မြင်သံကြားမြန်မာ့သမိုင်းမော်ဂျူး:Argumentsဘုရားဂုဏ်တော်ဆလုံလူမျိုးအမေရိကန်ပြည်ထောင်စုတစ်တော့မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များဘရူနိုင်းနိုင်ငံအော်ကာဒုတိယ ကမ္ဘာစစ်စိန်သင်္ကြန်မိုးဂျပန်နိုင်ငံမြန်မာနိုင်ငံရှိ မြို့များပရိတ်ကြီး ၁၁ သုတ်အင်ဒိုနီးရှားနိုင်ငံCanal+ Myanmarငပလီကမ်းခြေမြန်မာတိုင်းရင်းသားမျိုးနွယ်များမထိုးသွင်းသော လိင်ဆက်ဆံခြင်းဝီကီပီးဒီးယား:Sandboxအထူး:လတ်တလောအပြောင်းအလဲများတီဘီရောဂါမြန်မာပိတောက်မလေးရှားနိုင်ငံမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကျိုက်ထီးရိုးဘုရားအောင်ခြင်း ၈ ပါးသမုဒ္ဒရာရွှေတိဂုံစေတီတော်ရခိုင်ပြည်နယ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဧရာဝတီမြစ်ရခိုင်လူမျိုးမြန်မာသရုပ်ဆောင်များစာရင်းမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းစင်ကာပူနိုင်ငံမြန်မာဘာသာစကားမန္တလေးမြို့ဘာဂျာမှုတ်ခြင်းအနော်ရထာကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများထားဝယ်လူမျိုးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရန်ကုန်မြို့မြန်မာ့တော်လှန်ရေးစုန်းကဝေအတတ်မွန်လူမျိုးကရင်လူမျိုးနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ပုဂံဗမာလူမျိုးဘုရင့်နောင်တရုတ်ပြည်သူ့သမ္မတနိုင်ငံဇာတ်ကြီးဆယ်ဘွဲ့ဂုဏ်တော်ကွန်ချာတောင်ကြီးမြို့နေကြတ်ခြင်း နှင့် လကြတ်ခြင်းလ (ကမ္ဘာရံဂြိုဟ်)ဓာရဏပရိတ်တိုင်းစစ်ဌာနချုပ်အလက်ဇန္ဒား ဟာမီတန်မြန်မာနိုင်ငံရှိ ပွဲတော်များဗုဒ္ဓဘာသာတိုက်ညစ်ညမ်းခြင်းများလာအိုနိုင်ငံအောင်ဆန်းစုကြည်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသနပ်ခါးထူးအိမ်သင်အိန္ဒိယနိုင်ငံလမ်းမတော်ဖိုးတုတ်မြန်မာနိုင်ငံ၏ လူဦးရေရှမ်းပြည်နယ်ရာသီခွင်