နာမဝိသေသန

နာမ် သို့မဟုတ် နာမ်စားကို အထူးပြုသော ဝါစင်္က

နာမ်ကို အထူးပြုသော ပုဒ်ကို နာမဝိသေသနဟုခေါ်သည်။

ဥပမာ။ ။ လှသော၊ ရွသော၊ နံသော၊ ကြောက်သော၊ မွှေးသော၊ ကောင်းမြတ်သော၊ သန့်ရှင်းသော၊ လိမ္မာသော၊ ဆိုးသော။

နာမဝိသေသန (၂) မျိုးပြင်ဆင်ရန်

(က) အနက်အဓိပ္ပာယ်အရ (၄) မျိုး

(ခ) ဖွဲ့စည်းတည်ဆောက်ပုံအရ (၂) မျိုး

အနက်အဓိပ္ပာယ်အရ (၄) မျိုးပြင်ဆင်ရန်

နာမဝိသေသနသည် အနက်အဓိပ္ပာယ်အရ (၄) မျိုး ရှိသည်။ ၎င်းတို့မှာ ’

(က) ဂုဏ်ရည်ပြနာမဝိသေသန

(ခ) အညွှန်းနာမဝိသေသန

(ဂ) သင်္ချာနာမဝိသေသန

(ဃ) အမေးနာမဝိသေသန

ဂုဏ်ရည်ပြနာမဝိသေသနပြင်ဆင်ရန်

နာမ်၏ ဂုဏ်အရည်အချင်းကို ပြ၍ ယင်းနာမ်ကို အထူးပြုသည့် ပုဒ်ကို ဂုဏ်ရည်ပြနာမဝိသေသန ဟုခေါ်သည်။

ဥပမာ။ ။ မွန်မြတ်သော၊ စည်ကားသည့်၊ ထူးချွန်မည့်၊ (ခွေး) လိမ္မာ။


(က) သွေးလှူခြင်းသည် မွန်မြတ်သော ဒါန ဖြစ်သည်။

ဤဝါကျ၌ မွန်မြတ်သော သည် မွန်မြတ် ဟူသော ဂုဏ်အရည်အချင်းပြပုဒ်နောက်က သော ပစ္စည်းကိုဆက်၍ ဒါနဟူသော နာမ်၏ ဂုဏ်အရည်အချင်းကိုပြသည့် ဂုဏ်ရည်ပြနာမဝိသေသန ဖြစ်သည်။


(ခ) ရန်ကုန်မြို့သည် လူနေ စည်ကားသည့် မြို့တော် ဖြစ်သည်။

ဤဝါကျ၌ စည်ကားသည့် သည် စည်ကား ဟူသော ဂုဏ်အရည်အချင်းပြပုဒ်နောက်က သည့် ပစ္စည်းကိုဆက်၍ မြို့တော် ဟူသော နာမ်၏ ဂုဏ်အရည်အချင်းကိုပြသည့် ဂုဏ်ရည်ပြနာမဝိသေသန ဖြစ်သည်။


(ဂ) မစံပယ်သည် ထူးချွန်မည့် ကျောင်းသူ တစ်ဦး ဖြစ်သည်။

ဤဝါကျ၌ ထူးချွန်မည့် သည် ထူးချွန် ဟူသော ဂုဏ်အရည်အချင်းပြပုဒ်နောက်က မည့် ပစ္စည်းကို ဆက်၍ ကျောင်းသူ ဟူသော နာမ်၏ ဂုဏ်အရည်အချင်းကိုပြသည့် ဂုဏ်ရည်ပြနာမဝိသေသန ဖြစ်သည်။


(ဃ) အောင်နက်သည် ခွေးလိမ္မာ ဖြစ်သည်။

ဤဝါကျ၌ လိမ္မာ ဟူသော ဂုဏ်အရည်အချင်းပြပုဒ်သည် ခွေး ဟူသော နာမ်၏ အရည်အချင်းကို ပြ၍ ယင်းခွေးကို အထူးပြုသည့် ဂုဏ်ရည်ပြနာမဝိသေသန ဖြစ်သည်။


ဂုဏ်ရည်ပြနာမဝိသေသနတို့သည် နာမ်ကို အထူးပြုရာ၌ နည်း (၂) နည်းဖြင့် အထူးပြုလေ့ ရှိသည်။ ၎င်းတို့မှာ ’

(၁) သော၊ သည့်၊ မည့် ပစ္စည်းတို့ကို ဂုဏ်ရည်ပြပုဒ်နောက်ကဆက်၍ နောက်ကနာမ်ပုဒ်ကို အထူးပြုခြင်း

ဂုဏ်ရည်ပြနာမဝိသေသန ‘ နာမ်

  • မွန်မြတ်သော ‘ ဒါန
  • ထူးဆန်းသော ‘ ပုံပြင်
  • သပ္ပာယ်သည့် ‘ စေတီ
  • ရဲရင့်သည့် ‘ စစ်သူကြီး
  • ထူးချွန်မည့် ‘ ကျောင်းသား
  • ကျော်ကြားမည့် ‘ စာအုပ်


(၂) နာမ်ပုဒ်နှင့် တိုက်ရိုက် ပေါင်းစပ်၍ ရှေ့က နာမ်ကို အထူးပြုခြင်း

နာမ် ‘ ဂုဏ်ရည်ပြနာမဝိသေသန

  • ဆရာ ‘ ကောင်း
  • လူ ‘ ဆိုး
  • ခွေး ‘ လိမ္မာ
  • ဓား ‘ ရှည်
  • ရေ ‘ အေး
  • ဆင် ‘ ရိုင်း

သင်္ချာနာမဝိသေသနပြင်ဆင်ရန်

အရေအတွက်ကိုလည်းကောင်း၊ အစဉ်ကိုလည်းကောင်း၊ အနည်းအများ ပမာဏကိုလည်းကောင်း ဖော်ပြ၍ နာမ်ကို အထူးပြုသော နာမဝိသေသနကို သင်္ချာနာမဝိသေသန ဟု ခေါ်သည်။

သင်္ချာနာမဝိသေသန (၃) မျိုး ရှိသည်။ ယင်း နာမဝိသေသန (၃) မျိုးတို့မှာ —

(က) အရေအတွက်ပြသင်္ချာနမဝိသေသန

(ခ) အစဉ်ပြသင်္ချာနာမဝိသေသန

(ဂ) ပမာဏပြသင်္ချာနမဝိသေသန

ဖွဲ့စည်းတည်ဆောက်ပုံအရ (၂) မျိုးပြင်ဆင်ရန်

နာမဝိသေသနသည် ဖွဲ့စည်းတည်ဆောက်ပုံအရ (၂) မျိုးရှိသည်။ ၎င်းတို့မှာ ’

(က) ပင်ကိုနာမဝိသေသန

(ခ) ပေါင်းစပ်နာမဝိသေသန

ပင်ကိုနာမဝိသေသနပြင်ဆင်ရန်

မြန်မာသဒ္ဒါနည်းဖြင့် ခွဲစိတ်၍လည်းမရ၊ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်းမဟုတ်၊ နဂိုမူလအတိုင်းဖြစ်သော နာမဝိသေသနကို ပင်ကိုနာဝိသေသန ဟုခေါ်သည်။

ဥပမာ။ ။ ကောင်းသော၊ မြင့်သော၊ အေးသော၊ ချိုသော၊ ဝသော၊ ခမ်းနားသော၊ လိမ္မာသော၊ ယဉ်ကျေးသော၊ ဝပြောသော။


စကားလုံးတစ်လုံး သို့မဟုတ် ပုဒ်တစ်ခုကို ခွဲစိတ်လိုက်လျှင် ထိုစကားလုံး၏ မူလရှိရင်းအနက်အဓိပ္ပာယ် ပျက်သွားသည်ကို ခွဲစိတ်၍မရ ဟု ဆိုလိုခြင်း ဖြစ်သည်။

သာဓကအားဖြင့် ကောင်း၊ မြင့်၊ အေး' စသည်တို့သည် ခွဲစိတ်၍လည်းမရ၊ ပေါင်းစပ်ထားခြင်းလည်းမဟုတ်သော ပင်ကိုနာမဝိသေသန များ ဖြစ်ကြသည်။

ခမ်းနားဟူသော နာမဝိသေသနသည်လည်း ခွဲစိတ်၍ မရသော၊ ပေါင်းစပ်ဖွဲ့စည်းထားခြင်းလည်းမဟုတ်သော ပင်ကိုနာမဝိသေသန ဖြစ်သည်။ ခမ်းနား ၏ ဆိုလိုရင်းအနက်မှာ ကြီးကျယ်ထည်ဝါသော ဟူ၍ ဖြစ်သည်။ ခမ်းနား ကို ခွဲလိုက်လျှင် ခမ်း နှင့် နား ဟူသော အစိတ်အပိုင်း (၂) ခုကို ရသည်။ သို့ရာတွင် ခမ်း သည် လည်းကောင်း၊ နား သည် လည်းကောင်း ခမ်းနား ၏ ဆိုလိုရင်းအနက်ကို မပေးနိုင်ပေ။ ဤသို့ ခွဲစိတ်ခြင်းဖြင် ဆိုလိုရင်းအနက်မှာ ပျက်သွားသည်။ ထို့ကြောင့် ခမ်းနား သည် ထပ်မံခွဲစိတ်၍ မရသော ပင်ကိုနာမဝိသေသန ဖြစ်သည်။

ထိုနည်းတူ လိမ္မာသော၊ ယဉ်ကျေးသော၊ ဝပြောသော စသည်တို့သည် ခွဲစိတ်၍လည်းမရ၊ ပေါင်းစပ်ထားခြင်းလည်းမဟုတ်၊ နဂိုမူလအတိုင်းဖြစ်သော ပင်ကိုနာဝိသေသန များ ဖြစ်ကြသည်။

ပေါင်းစပ်နာမဝိသေသနပြင်ဆင်ရန်

နာမဝိသေသနတစ်ခု အနည်းဆုံးပါဝင်လျက် နာမ်တစ်ခုနှင့် ဖြစ်စေ၊ နာမဝိသေသနတစ်ခုနှင့် ဖြစ်စေ ပေါင်းစပ်ဖွဲ့စည်းထားသော နာမဝိသေသနကို ပေါင်းစပ်နာမဝိသေသန ဟု ခေါ်သည်။

ဥပမာ။ ။ ရုပ်ဖြောင့်၊ ပါးစပ်ဖွာ၊ မျက်စိမွဲ၊ မျက်နှာပွင့်၊ သတ္တိပြောင်၊ ညံ့ဖျင်း၊ ကျယ်ပြန့်၊ သေးသွယ်။


(၁) နာမ် + နာမဝိသေသန = ပေါင်းစပ်နာမဝိသေသန

  • ရုပ် + ဖြောင့် = ရုပ်ဖြောင့်
  • ပါးစပ် + ဖွာ = ပါးစပ်ဖွာ
  • မျက်စိ + မွဲ = မျက်စိမွဲ
  • မျက်နှာ + ပွင့် = မျက်နှာပွင့်
  • သတ္တိ + ပြောင် = သတ္တိပြောင်
  • စိတ် + တို = စိတ်တို
  • အား + ငယ် = အားငယ်


(၂) နာမဝိသေသန + နာမဝိသေသန = ပေါင်းစပ်နာမဝိသေသန

  • ညံ့ + ဖျင်း = ညံ့ဖျင်း
  • ကျယ် + ပြန့် = ကျယ်ပြန့်
  • သေး + သွယ် = သေးသွယ်
  • မိုက် + ရိုင်း = မိုက်ရိုင်း
  • ကြီး + လေး = ကြီးလေး
  • ဖြောင့် + မတ် = ဖြောင့်မတ်
  • တည် + ငြိမ် = တည်ငြိမ်

ကိုးကားပြင်ဆင်ရန်

  1. မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း
🔥 Top keywords: ဗဟိုစာမျက်နှာတပ်မတော်နေ့အထူး:ရှာဖွေရန်မြန်မာနိုင်ငံကမ္ဘောဒီးယားနိုင်ငံအောင်ဆန်းသင်္ကြန်အန်ကောဝပ်တပ်မတော်ဟော့ဘစ်စမ်းချောင်းမြို့နယ်တပ်မတော် (ကြည်း)မေတ္တသုတ်ဖိလစ်ပိုင်နိုင်ငံမင်းအောင်လှိုင်ဝေလမင်းသမီး ဒိုင်ယာနာထိုင်းနိုင်ငံမွန်ပြည်နယ်မိန်းမ မျိုးပွားအင်္ဂါမဟာသမယသုတ်ပဋ္ဌာန်းပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂မြဝတီရုပ်မြင်သံကြားမြန်မာ့သမိုင်းမော်ဂျူး:Argumentsဘုရားဂုဏ်တော်ဆလုံလူမျိုးအမေရိကန်ပြည်ထောင်စုတစ်တော့မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များဘရူနိုင်းနိုင်ငံအော်ကာဒုတိယ ကမ္ဘာစစ်စိန်သင်္ကြန်မိုးဂျပန်နိုင်ငံမြန်မာနိုင်ငံရှိ မြို့များပရိတ်ကြီး ၁၁ သုတ်အင်ဒိုနီးရှားနိုင်ငံCanal+ Myanmarငပလီကမ်းခြေမြန်မာတိုင်းရင်းသားမျိုးနွယ်များမထိုးသွင်းသော လိင်ဆက်ဆံခြင်းဝီကီပီးဒီးယား:Sandboxအထူး:လတ်တလောအပြောင်းအလဲများတီဘီရောဂါမြန်မာပိတောက်မလေးရှားနိုင်ငံမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကျိုက်ထီးရိုးဘုရားအောင်ခြင်း ၈ ပါးသမုဒ္ဒရာရွှေတိဂုံစေတီတော်ရခိုင်ပြည်နယ်တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများဧရာဝတီမြစ်ရခိုင်လူမျိုးမြန်မာသရုပ်ဆောင်များစာရင်းမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းစင်ကာပူနိုင်ငံမြန်မာဘာသာစကားမန္တလေးမြို့ဘာဂျာမှုတ်ခြင်းအနော်ရထာကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများထားဝယ်လူမျိုးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရန်ကုန်မြို့မြန်မာ့တော်လှန်ရေးစုန်းကဝေအတတ်မွန်လူမျိုးကရင်လူမျိုးနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ပုဂံဗမာလူမျိုးဘုရင့်နောင်တရုတ်ပြည်သူ့သမ္မတနိုင်ငံဇာတ်ကြီးဆယ်ဘွဲ့ဂုဏ်တော်ကွန်ချာတောင်ကြီးမြို့နေကြတ်ခြင်း နှင့် လကြတ်ခြင်းလ (ကမ္ဘာရံဂြိုဟ်)ဓာရဏပရိတ်တိုင်းစစ်ဌာနချုပ်အလက်ဇန္ဒား ဟာမီတန်မြန်မာနိုင်ငံရှိ ပွဲတော်များဗုဒ္ဓဘာသာတိုက်ညစ်ညမ်းခြင်းများလာအိုနိုင်ငံအောင်ဆန်းစုကြည်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသနပ်ခါးထူးအိမ်သင်အိန္ဒိယနိုင်ငံလမ်းမတော်ဖိုးတုတ်မြန်မာနိုင်ငံ၏ လူဦးရေရှမ်းပြည်နယ်ရာသီခွင်